ဘုတလင်မြို့နယ်၌ မိုးသီးနှံ နှမ်း ၅၃၁၀၂ ဧက စိုက်ပျိုးပြီးစီး လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်တွင်  မိုးသီးနှံ နှမ်း ၅၃၁၀၂ ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ၁၀၃၂ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မဟာအောင်မြေမြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ဇေယျာသီရိမြို့နယ် အင်းသာကျေးရွာအား ဆင်သေချောင်းရေတိုက်စားမှုကာကွယ်ရန် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် သောင်တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု၊ အင်းသာကျေးရွာ အား ဆင်သေချောင်း ရေတိုက်စားမှုကာကွယ်ရန် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် သောင်တူးဖော်ခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်ရှိ လမင်းဆီစက်နှင့် ဆီထုတ်လုပ် ဖြန့်ချီရေးလုပ်ငန်းသို့ လာရောက်ကြည့်ရှု အားပေး

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်ရှိ MSME လုပ်ငန်းအနေဖြင့် လမင်းဆီစက်နှင့် ဆီထုတ်လုပ်ဖြန့်ချီရေး လုပ်ငန်းသို့တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တောင်သူများအား ဆောင်းသီးနှံမတ်ပဲနှင့် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲတက်ရောက်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာအုပ်စု၊ အိုင်စောက်ကျေးရွာ၊ ကျောက်ချက် စိုက်ပျိုးစီးပွား အသိပညာပေးစင်တာတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများတွင် ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်သည်။

ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံစာစောင်ပြသခြင်း၊ စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ကြသည်။

ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဗိုလ်လုပွဲနှင့် ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်ဝန်ကြီးချုပ်သည် အောက်တိုဘာ ၃၁ ရက်ညနေပိုင်းက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အသက် (၂၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အားကစားသမား စိစစ်ရွေးချယ်လေ့ကျင့်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခဲ့သည့် ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဘုမ္မောဘုန်းတော်ကြီးကျောင်း၌ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲအဖြစ် ရဟန်း/သံဃာများအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲအားကြ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဘုမ္မောဘုန်းတော်ကြီးကျောင်း၌ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲပဌာန်းသိမ်းအောင်ပွဲအဖြစ် ထေရ်ကြီးဝါကြီး ရဟန်း/ သံဃာတော်များနှင့် သီလရှင် ဆရာများအား ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာအဖွဲ့အစည်း များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲအား ယနေ့နံနက် ၈ နာရီခွဲက အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to