ဘိုကလေးမြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေး

ဘိုကလေး နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော စဉ်ဆက်ပညာရေးလုပ်ငန်းအား အောက်တိုဘာ ()ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိပြီး ၎င်းစဉ်ဆက်ပညာရေးလုပ်ငန်းအား (၂၀၂၅)ခုနှစ် ဇွန်လ()ရက်နေ့ အထိ ရက်ပေါင်း(၉၀)ဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့ ညနေ(၃)နာရီအချိန်၌ ဘိုကလေးမြို့ပေါ်ရပ်ကွက်စာဖတ်ဝိုင်းများနှင့် သကံကျေးရွာအုပ်စုရှိ စာဖတ်ဝိုင်းသို့ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးတင်လင်း၊ ခရိုင်ပညာရေးမှူး ဦးဝင်းအောင်၊ ဘိုကလေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြသည်။

စဉ်ဆက်ပညာရေးလုပ်ငန်းသည် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများအတွက် စာရေး၊ စာဖတ်စွမ်းရည်ပိုမိုတိုးတက်လာစေရေး၊ စာဖတ်ရှိန်မြင့်မားလာစေရေး၊ မိသားစုလူမှုစီးပွားဘဝ ပိုမိုတိုးတက်လာစေရေးတို့ကိုရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး  ဘိုကလေးမြို့နယ်အနေဖြင့် (၂၀၂၃)ခုနှစ် ဒီဇင်ဘာလမှ (၂၀၂၄)ခုနှစ် ဖေဖော်ဝါရီလအတွင်း အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့သည့် ပြည်သူ(၁၀၀၀)အား ယခုအခါ စဉ်ဆက်ပညာရေးလုပ်ငန်းအဖြစ် ဆက်လက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ (၂၈)အုပ်စုတွင် စာသင်ဝိုင်း (၉၆)ဝိုင်းခွဲကာ နည်းပြဦးရေ (၁၉၂)ဦး၊ ကြီးကြပ်(၁၀)ဦးတို့ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ဘဝသာယာရေး၊ ဝင်ငွေတိုးပွားရေးတို့အပါအဝင် အခြားသိမှတ်ဖွယ်ရာ ကဏ္ဍများအား ထည့်သွင်းပို့ချလျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)