ကျိုင်းတုံ နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၏ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့က မိုင်းဇင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၀၆)ရှိ တောင်သူဦးဆားလို၏ စိုက်ပျိုးမြေ(၁ ဒဿမ ၀၀)ဧကတွင် ဆင်းဧကရီ-၃ စပါးမျိုးဖြင့် ရိတ်သိမ်းပွဲ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဝင်းက မိုးစပါးစံကွက်ရိတ်သိမ်းရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြေားကြားပြီး တက်ရောက်လာသည့် တောင်သူများအား မျိုးစပါးနှင့် ရွက်ဖျန်းအားဆေးများကို ထောက်ပံ့ပေးသည်။
ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မြေဩဇာ၊ မျိုးစေ့နှင့် သဘာဝပိုးသတ်ဆေးများကိုကြည့်ရှုပြီး မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ကြည့်ရှုအားပေးသည်။ အဆိုပါ မိုးစပါး ဆင်းဧကရီ-၃ စပါးမျိုးဖြင့် ပန်းတိုင်ပြင်ပ စံကွက်ရိတ်သိမ်းရာတွင် အစိုတင်း(၈၉ ဒဿမ ၈၄)တင်းနှင့် အခြောက်(၈၄ ဒဿမ ၉၆ )တင်း ထွက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)