ညောင်ရွှေ နိုဝင်ဘာ ၁
ညောင်ရွှေမြို့နယ်အတွင်း ပြီးခဲ့သည့်စက်တင်ဘာလဆန်းပိုင်းက ရာဂိမုန်တိုင်းဒဏ်ကြောင့် လူနေအိမ်များ၊ စိုးရအဆောက်အဦများ၊ သာသနိကအဆောက်အဦများနှင့် ဈေးများ၊ လူနေရပ်ကွက် များအတွင်း ရေများဝင်ရောက်ခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ မြို့နယ်အတွင်း ရေကြီး နစ်မြှုပ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် လူနေအိမ်များအတွက် အမျိုးသားသဘာဝဘေး ရန်ပုံငွေမှ အိမ်ဆောက်ပစ္စည်းဘိုးငွေ ထောက်ပံ့ပေးအပ်ခြင်းကို အောက်တိုဘာ(၃၁)ရက် မွန်းလွဲ (၂)နာရီက ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ထိခိုက်ပျက်စီးသွားသည့် အိမ်ထောင်စုများအား အမျိုးသားသဘာဝဘေးရန်ပုံငွေမှ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထိခိုက်ပျက်စီးသွားသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းတွင် အမျိုးသားသဘာဝဘေးရန်ပုံငွေမှ အိမ်ထောင်စု (၂၅)စုအတွက် ထောက်ပံ့ငွေ(၅၈.၇၅)သန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၁၀၀)ကျပ်နှုန်းဖြင့် လူဦးရေ(၁၁၇)ဦးအတွက် စုစုပေါင်းဆန် ရိက္ခာဘိုး ထောက်ပံ့ငွေ (၂၄၅,၇၀၀/-)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ