ရွှေတောင်မြို့နယ်တွင် ၂၀၂၄- ၂၀၂၅ ခုနှစ်၊ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှု (မြို့နယ်အဆင့်) ဆွေးနွေးပွဲသင်တန်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ ရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ခုနှစ်၊ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှု "Student Participation Initiative (SPI)" အကောင်ထည်ဖော်ဆောင်ရွက်မှုများ (မြို့နယ်အဆင့်)  ဆွေးနွေးပွဲ သင်တန်းကျင်းပခဲ့သည်။

ကလေးမြို့ဘိုးဘွားရိပ်သာရှိအဖိုးအဖွားများအား စဉ်ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ‌ကလေးခရိုင်၊ ကလေးမြို့ဘိုးဘွားရိပ်သာရှိ အဖိုးအဖွားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးကို ယမန်နေ့က ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့မှ ဆရာဝန်နှင့်သူနာပြုများက ကျန်းမာရေးစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့အတွင်းရှိ စျေးများ၌  မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာကို ယနေ့နံနက်(၁၁) နာရီအချိန်က အမှတ် (၁) ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်၍ လိုက်လံစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းများ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။                      

ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက  ဆောင်ရွက်ခဲ့သည်။ 

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျရောက်မည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကကြိုတင်လေ့ကျင့်ပြင်ဆင်နေကြသည့် ဒုံးအဖွဲ့များမှတာဝန်ရှိသူများ၏ စကားသံများ

ကျွန်မကတော့ နော်ကြူကြူသန်းဖြစ်ပါတယ်။ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားနှင့် ပျော်ပွဲရွှင်ပွဲအထောက်အကူပြုလုပ်ငန်းကော်မတီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒုံးပြိုင်ပွဲတွေ ကျင်းပနိုင်ဖို့အတွက် တိုင်းရင်းသားရေးရာဝန်ကြီးရဲ့ ဦးဆောင်မှုဖြင့် ကျေးရွာပြည်သူ လူထုနှင့် ချိတ်ဆက်ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဒုံးအကပြိုင်ပွဲ (၁၉)ဖွဲ့ ပါဝင်ယှဉ်ပြိုင် ကြမှာဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒုံးတစ်ဖွဲ့လျှင် ငွေကျပ်သိန်း(၁၀၀)၊ ဆန်(၁၀)အိတ်၊ ဆီ (၂၀) ပိဿာ ထောက်ပံ့ပေးပါတယ်။ ပြိုင်ပွဲမကျင်းပမီ ဒုံးအဖွဲ့တွေကို စုဆောင်း ရပါတယ်။ စုဆောင်းပြီးရင် ပြိုင်ပွဲကျင်းပနိုင်ဖို့အတွက် ပွဲစဉ်ဇယားများရေးဆွဲပြီး အစည်းအဝေးကို (၂)ကြိမ်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲစဉ်ဇယားတွေကိုတော့ နိုင်ဝင်ဘာလ(၅)ရက်ကနေ့ (၁၀)ရက် နေ့ထိပြိုင်ဖို့ ပွဲစဉ်ဇယားများဆွဲပေးရပါတယ်။ ဒုံးအကပြိုင်ပွဲမှာ ဘက်ဆုံထူးချွန်ဆုလည်း လျာထားပါတယ်။ ဒုံးအကဘက်ဆုံဆုရယ်၊ တေးသီချင်းဆုရယ်၊ ဆုတောင်းတေးဆုရယ် ဆုများချီးမြှင့်ဖို့ လျာထားပါတယ်။ ပြိုင်ပွဲဝင်အားလုံးကို အထူးဆုများပေးသွားမှာဖြစ်ပါတယ်။ ကရင်တိုင်းရင်းသားလူငယ်တွေကို ရိုးရာအကတွေ လက်ဆင့်ကမ်းပေးနိုင်အောင် နှစ်စဉ်နှစ်တိုင်း ဒုံးအကပြိုင်ပွဲများကို ကျင်းပလျက်ရှိပါတယ်။ ဒါမှလည်း ဒြပ်မဲ့ယဉ်ကျေးမှုဖြစ်တဲ့ ကရင်ရိုးရာ ဒုံးအကကို ဆက်လက်ထိန်းသိမ်း နိုင်မှာဖြစ်ပါတယ်။ ဒီလိုအကပြိုင်ပွဲတွေ ကျင်းပတဲ့အခါ အတီးပညာပိုင်းဆိုင်ရာတွေလည်း ပါလာပါတယ်။ ဒုံးအကတွေမှာ တူရိယာ(၈)မျိုးနဲ့ တီးရပါတယ်။ ဒါကလည်းဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ လူငယ်တွေကို လက်ဆင့်ကမ်း နိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။

ပဲခူးမြို့၌ Air-Compressor ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ကြီးမှူး၍ တိုင်းဒေသကြီးအလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပဲခူးမြို့) သင်တန်းခန်းမ၌ ယနေ့ နံနက်ပိုင်းက Air-Compressor ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် တက်ရောက်ခဲ့သည်။

မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်း (၂ဝ၂၄) ကောက်ယူရေးအတွက်ကြိုတင်ရှင်းလင်းပွဲ” အခမ်းအနားတက်ရောက်

မကွေးတိုင်းဒေသကြီး “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု)စစ်တမ်း (၂ဝ၂၄) ကောက်ယူရေးအတွက် ကြိုတင်ရှင်းလင်းပွဲ” အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေး မြို့နယ်၊ စုပေါင်းရုံးအစည်းအဝေးခန်းမ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဟိုတယ်နှင့် တည်းခိုခန်းဝန်ဆောင်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် အထူးအလေးထား ပူးပေါင်းပါဝင်စေရေး မြစ်ကြီးနားမြို့ပေါ်ရှိ ဟိုတယ်/တည်းခိုခန်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ်အတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊ ရှေ့ဆက်ဆောင်ရွက်သွားရမည့်လုပ်ငန်းများ စနစ်တကျဖြင့် လုံခြုံရေးကို အလေးထား ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြစ်ကြီးနား မြို့ပေါ်ရှိဟိုတယ်/တည်းခိုခန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဖလားဝန်ကြီးဌာနနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားတက်ရောက်

၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲများဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ ဝန်ကြီးဌာနနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်မျာမှ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
Subscribe to