ဇေယျာသီရိမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်၍ လိုက်လံစစ်ဆေး

ဇေယျာသီရိ နိုဝင်ဘာ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းများ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။                      

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ မီးဘေးကြိုတင်ကွယ်ရေး စစ်ဆေးအကြံပေးခြင်း၊ အရေးပေါ် မီးသတ်တယ်လီဖုန်းနံပါတ်များ ဖြန့်ဝေပေးခြင်း၊ မီးဖိုအသုံးပြုသည့် နေအိမ်များနှင့်  အခြားမီးသုံးစွဲသည့် နေအိမ်များအား မီးများ စနစ်တကျ သုံးစွဲရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ချက်များအား လိုက်လံစစ်ဆေး၍ မီးမလောင်ခင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးလောင်လျှင် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မီးလောင်ပြီး ဆောင်ရွက်ရမည့် နည်းလမ်းများကို ကျေးရွာအတွင်း လှည့်လည်အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)