ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ဥတ္တရသီရိ နိုဝင်ဘာ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက  ဆောင်ရွက်ခဲ့သည်။ 

ထိုသို့ ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမင်းမင်းဦးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊  ရပ်ကွက်အုပ်ချုပ်​ရေးမှူးတို့ ပါဝင်သောအဖွဲ့သည် ဇဝနသီဒ္ဓိရပ်ကွက်တွင် မီးဘေးကြိုတင်ကွယ်ရေး စစ်ဆေးအကြံပေးခြင်း၊ အရေးပေါ် မီးသတ်တယ်လီဖုန်းနံပါတ်များ ဖြန့်ဝေပေးခြင်း၊ မီးဖိုအသုံးပြုသည့် နေအိမ်များနှင့်  အခြားမီးသုံးစွဲသည့် နေအိမ်များအား မီးများ စနစ်တကျ သုံးစွဲရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ချက်များအား လိုက်လံစစ်ဆေး၍ မီးမလောင်ခင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးလောင်လျှင် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မီးလောင်ပြီး ဆောင်ရွက်ရမည့် နည်းလမ်းများကို လှည့်လည်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)