ဒေးဒရဲမြို့၌ ရိုးရာအစဥ်အလာမပြတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်များ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ နှစ်စဥ်တန်ဆောင်မုန်းလတွင် လှူဒါန်းကျင်းပလေ့ရှိသော စုပေါင်းမဟာဘုံကထိန် အလှူတော်လှည့်လည်ပွဲများကို မြို့ပေါ်၊ ရပ်ကွက်များတွင် စည်ကားသိုက်မြိုက်စွာ လှည့်လည်ပွဲများကျင်းပလျက်ရှိကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၊ ထုံးဘိုတိုက်နယ်ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုသပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုတိုက်နယ်ဆေးရုံတွင် ပြည်မြို့ကုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးခေါင်းဆောင်သော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက လာရောက်ကုသသည့် ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ (၁၆၁)ကြိမ်မြောက် မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်တို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲကို တန်ဆောင်တိုင်ပွဲတော်ကာလ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး ကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်များတို့ (၁၆၁)ကြိမ်မြောက် မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲကို တိုင်ဆောင်တိုင်ပွဲတော်ကာလ နိုဝင်ဘာ (၁၄)ရက် တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့မှ နိုဝင်ဘာ(၁၅)ရက် တန်ဆောင်မုန်းလပြည့်ကျော်(၁) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြသိန်းတန်ဘုရားကြီး ကျောင်းတိုက်ဂေါပကအဖွဲ့ထံမှ သိရသည်။

ရေနံချောင်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးစာပေချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ်(အဝေးသင်သင်တန်း) တတိယအသုတ်(ဝိဇ္ဇာ) ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်

၂၀၂၄ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် (အဝေးသင်သင်တန်း) တတိယအသုတ်(ဝိဇ္ဇာ) (၂၀၂၃)အောင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ထန်းတပင်မြို့နယ်၌ မရှိ၍ မလင်းသူမရှိစေရ ဆင့်ပွားသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်‌ရေးအဖွဲ့တို့ပူးပေါင်း၍ မရှိ၍ မလင်းသူ မရှိစေရ ဆင့်ပွားသင်တန်းကို အောက်တိုဘာ (၃၁) ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်တွင် မွေးကင်းစမှအသက် (၂)နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မိုင်းခတ်မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် တိုက်ကျွေးထိုးနှံပေးကြောင်း သိရသည်။

ဟိုပုံးမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများအား တစ်ဦးချင်း အရည်အသွေးများ တိုးတက်စေရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်း (၃/၂၀၂၄) ဖွင့်လှစ်ပို့ချ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ဟိုပုံး)လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ခရိုင်၊ မြို့နယ်နှင့်မြို့ရုံးများရှိ ဝန်ထမ်းများအား တစ်ဦးချင်း အရည်အသွေးများတိုးတက်စေရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ နိုဝင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ရုံးစာရေးသားနည်းသင်တန်း(၃/၂၀၂၄)အား ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မိုးနှောင်းဝါ၊ ဆောင်းနေကြာသီးနှံများနှင့် နို့စားနွားမွေးမြူရေးသမဝါယမအသင်းများသို့ တာ၀န်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မိုးနှောင်းဝါ၊ ဆောင်းနေကြာသီးနှံများနှင့် နို့စားနွားမွေးမြူရေး သမဝါယမအသင်းများသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဇော်ဦး(ညွှန်ကြားရေးမှူး)နှင့် တာ၀န်ရှိသူများမှ နိုဝင်ဘာ (၁)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေးဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲ (သင်တန်း)ဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသားများပါဝင်ဆောင်ရွက်မှု တိုးမြှင့်စေရန်၊ အစပျိုးလှုပ်ရှားမှုများ လုပ်ဆောင်ရသည့်အကြောင်းအရင်းများ၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်စေရန်၊ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုနှင့် အသင်းအဖွဲ့များဖွဲ့စည်းဆောင်ရွက်ခြင်းကို တတ်နိုင်သည့်ဘက်မှပံ့ပိုးကူညီရန်ရည်ရွယ်၍ ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ(Student Participation Initiatives- SPI) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးအစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to