ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့် ရွေးကောက်ပွဲဆိုင်ရာ အချိုးကျကိုယ်စားပြုမှု (PR) အကြောင်း အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်
ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့် ရွေးကောက်ပွဲဆိုင်ရာ အချိုးကျ ကိုယ်စားပြုမှု (PR) အကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။