ဟင်္သာမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ယနေ့နံနက် ၉ နာရီက အဆိုပါနေရာတွင်ပြုလုပ်ခဲ့သည်။

ယခင်နှစ် ခရီးသွားရာသီတွင် မင်းဘူးမြို့သို့ ခရီးသွားဧည့်သည် ငါးသိန်းကျော် ဝင်ရောက်ခဲ့

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာဝတီမြစ်ကမ်းဘေး အချက်အချာကျပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကာ အေးချမ်း၍ သာယာလှသော မြို့လေးတစ်မြို့ ဖြစ်တာကြောင့် ပြည်တွင်းပြည်ပမှ ခရီးသွားများ လေ့လာလည်ပတ် အပန်းဖြေရာ နေရာဒေသဖြစ်လာခဲ့ပြီး၊ ယခင်နှစ် ဘုရားပွဲရာသီတွင် ခရီးသွားဧည့်သည် (၅) သိန်းကျော်အထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဟိုပုံးမြို့နယ် အ.ထ.က(၁)ကျောင်း၌ ပါဝင်ဆင်နွှဲခဲ့သည့် ကျောင်းသားကျောင်းသူများ၏ ရင်တွင်းစကားသံများ

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဟိုပုံးမြို့နယ် အ.ထ.က(၁)ကျောင်း၌ ပါဝင်ဆင်နွှဲခဲ့သည့် ကျောင်းသားကျောင်းသူများ၏ ရင်တွင်းစကားသံများ ဟိုပုံး နိုဝင်ဘာ ၃ ပအိုဝ်းဒေသ(ပြန်/ဆက်)

မအူပင်မြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ခု ဘဏ္ဌာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်အတွင်း မအူပင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတား လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ယမန်နေ့ နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်)မှ ဦးကျော်ကျော်ထွေး အင်ဂျင်နီယာချုပ်(မြို့ပြ)မှ လာရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

အောင်လံမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာများ၊ နို့စားနွားမွေးမြူသူများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးမှ ဌာနဆိုင်ရာများ၊ နို့စားနွားမွေးမြူ သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့က အောင်လံမြို့ ခရိုင်စုပေါင်းရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် မဟာမြတ်မုနိဘုရားကြီးကျောင်း၏ (၂၁)ကြိမ်မြောက် စုပေါင်းဘုံကထိန်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် အမှတ်(၄)ရပ်ကွက်ရှိ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၏ (၂၁)ကြိမ်မြောက် စုပေါင်းဘုံကထိန်ပွဲကြီးကို ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ် သရက်အုပ်-ညောင်ကုန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာရေး အဆင်ပြေစေရန်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် သရက်အုပ်-ညောင်ကုန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုး နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ နတ်သရဲကျေးရွာအုပ်စုအတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်ယာမြေများပေါ်တွင် ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာများ စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ကျေးရွာ စာကြည့်တိုက်များအားကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ယောက်သွားအင်းကျေးရွာအုပ်စု၊ ကြံဖိုစုကျေးရွာသို့ သွားရောက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ကျေးရွာစာကြည့်တိုက် ဆောက်လုပ် ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
Subscribe to