မဟာအောင်မြေမြို့နယ်ရုံးစာကြည့်တိုက်သို့ ကျောင်းသား/သူများ စာစီစာကုံးပြိုင်ပွဲများ ဝင်ရောက်ဖြေဆိုနိုင်ရန် စာအုပ်၊ စာစောင်များ  လာရောက်ငှားရမ်း

မဟာအောင်မြေမြို့နယ်ရုံးစာကြည့်တိုက်သို့ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ ဝင်ရောက်ဖြေဆိုနိုင်ရန် ကျောင်းသား/သူများ စာအုပ်စာစောင်များလာရောက်ငှားရမ်းမှုအား မဟာအောင်မြေမြို့နယ်စာကြည့်တိုက်မှူး ဒေါ်သရဖီဖြိုးမှ (အခမဲ့) ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အ.ထ.က (ခွဲ) ခင်ပြည့်တွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီတွင် အ.ထ.က(ခွဲ) ခင်ပြည့်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မဟာအောင်မြေမြို့နယ်၊ အမှတ် (၃) အ.ထ.က ကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အထွေထွေဗဟုသုတ၊ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည် ပြိုင်ပွဲ ကျင်းပ

မဟာအောင်မြေမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အထွေထွေ ဗဟုသုတ၊ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည် ပြိုင်ပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အတန်းဆုံးစာမေးပွဲကိုကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဖြေဆိုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်အတန်းဆုံးစာမေးပွဲအား သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက် ကျင်းပပြုလုပ်လျက်ရှိရာယနေ့ ယနေ့နံနက်ပိုင်းက စတင်ကာ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့် စတင်ဖြေဆိုနေမှုကိုမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအကြို လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအကြို လုပ်ငန်းအဖြစ် အဆောက်အဦစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းအား ယနေ့ နံနက်ပိုင်းမှ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

စုကလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

စာအုပ် စာပေများဖတ်ရှုလေ့လာပြီး အသင်းအဖွဲ့အစည်းများဖြင့်  ပြန်လည်ဆွေးနွေးတတ်စေရန်ရည်ရွယ်၍  ဝါသနာတူ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) မှ ဦးဆောင်၍  စာဖတ်ဝိုင်းအား ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမတွင် စာရေးဆရာ နန္ဒာမွှန်း ရေးသားသည့် သတင်းစာထဲက ဆောင်းပါးများ ဆောင်းပါးထဲက သတင်းများ  စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရွှေပြည်သာမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများအား ကျောင်းအခြေပြုမေးခိုင်‌ရောဂါကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာခရိုင်၊ ရွှေပြည်သာမြို့နယ်၊ စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ထိခိုက်ရှနာဖြစ်ပွားရာမှ မေးခိုင်ရောဂါကာကွယ်နိုင်ရန်၊ ကျောင်းအခြေပြုဆုံဆို့-မေးခိုင် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့မစည်ပင်သာယာဈေးရှိ ဈေးရောင်း ဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးရောင်း ဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်ပြိုင်ပွဲများကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်အကြိုအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးပေါ့ဆမှုကြောင့် နေအိမ် (၃)လုံးမီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ မဟာဗန္ဓုလ (၅) လမ်း တွင် ဇန်နဝါရီလ ၂၈ ရက် ညနေ (၆) နာရီ (၅)မိနစ်ခန့်က ဦးထွန်းအောင်လင်း၏ နေအိမ်အလျား (၂၀) ပေ ၊ အနံ (၅၀)ပေ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း နှစ်ထပ်နေအိမ်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ ဘုရားစင်မှစတင်လောင်ကျွမ်းခဲ့ပြီး ယင်းမီးလောင်မှုမှတစ်ဆင့် ခြေရင်းဘက်ရှိ ဦးဘရှိန်နှင့် ခေါင်းရင်းဘက်ရှိ ဒေါ်စန်းမြင့် ပိုင်ဆိုင်သော (လူမနေ) နေအိမ် အလျား (၂၀)ပေ၊ အနံ (၅၀)ပေ၊ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း နှစ်ထပ်နေအိမ် (၂)လုံးကို မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။
Subscribe to