မိုင်းပျဉ်း၌ G-5,G-9 ကြီးကြပ်ရေးမှူးနှင့် စာမေးပွဲလုပ်ငန်းဆိုင်ရာ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲ ဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာဦးစီးဌာန၊ G-5,G-9 ကြီးကြပ်ရေးမှူးနှင့် စာမေးပွဲလုပ်ငန်းဆိုင်ရာ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ နီလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။