ပေါင်မြို့နယ် (အ.ထ.က) မုတ္တမကျောင်း၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ဥပဒေရေးရာဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အ.ထ.က) မုတ္တမကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ဥပဒေရေးရာဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် (၁၀) နာရီက ပညာရတနာခန်းမ၌  ပြုလုပ်ခဲ့သည်။

လယ်ဝေးမြို့နယ်တွင် ကြံသီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာဆွေးနွေးပွဲနှင့် ကြံစိုက်ပျိုးမှု သရုပ်ပြပွဲကျင်းပ

စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲမှ ပြည်ထောင်စုနယ်‌မြေ၊ လယ်ဝေးမြို့နယ်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၂ စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကြံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနည်းပညာဆွေးနွေးပွဲနှင့် ကြံစိုက်ပျိုးမှုသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ အေလာကျေးရွာ တောင်သူဒေါ်သန်းဌေး၏ ကြံစိုက်ဧက ၃ ဧက၌ ကျင်းပသည်။

ကလောမြို့နယ်၊ ရေယားကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကျောင်းသား၊ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီက ရေယားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ဆောင်းသီးနှံမြေပဲများ အောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဒေသ နေပြည်သူအများစုသည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းနှင့်တွဲဖက်ကာ ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော မြေပဲနှင့်နှမ်းစိုက်ပျိုးသည့် လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် မြေပဲများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျွန်းစုမြို့တွင် (၃၆) ​ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အလှူရှင်များက စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် မြင်းကြီးကျေးရွာအုပ်စုတွင် မြေအောက်ရေကို အသုံးပြုပြီး စိုက်ပျိုးထားသော သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ မြင်းကြီးကျေးရွာအုပ်စု ကွင်းအမှတ် (၆၃၀) ကွင်းရှိ ကျေးလက်နေတောင်သူများသည် မြေအောက်ရေကို အသုံးပြုကာ စိုက်ပျိုးထားသော သင်္ဘောစိုက်ခင်းများ‌ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသားများအား နေကြာမျိုးစေ့များ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသားများသို့ ဆောင်းဆီထွက်သီးနှံ (နေကြာမျိုး) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ Student participation initiative SPI အကောင်အထည်ဖော်ရေး လုပ်ငန်းမြို့နယ်အဆင့် ဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ပညာ့ရိပ်မွန်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ Student participation initiative SPI အကောင်အထည်ဖော်ရေးလုပ်ငန်း မြို့နယ်အဆင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ ပြည်မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းနှစ်ဦး အပါအဝင် မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး ၇၆ ဦးနှင့် နည်းပြ ၄ ဦး၊ စုစုပေါင်း ၈၂ ဦး တက်ရောက်ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်မှ ရာမညရက်ကန်းစင်တော်အမည်ဖြင့် သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ဩဝါဒခံယူပွဲ အခမ်းအနား တက်ရောက်

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက် (၁၃-၁၁-၂ဝ၂၄)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ (၁၅-၁၁-၂ဝ၂၄) ရက်နေ့အထိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲသို့ မွန်ပြည်နယ်မှ ရာမညရက်ကန်းစင်တော်အမည်ဖြင့် သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

မင်းလှမြို့တွင် ဆောင်းသီနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်တောင်သူများ စိုက်ပျိုး‌ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာလုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလက်ရှိရာ ယနေ့နံနက်ပိုင်းက ရှမ်းကုန်းကျေးရွာအုပ်စုကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
Subscribe to