ဘိုကလေးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၁၁)နာရီအချိန်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။

မြန်အောင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုမဖြစ်စေရန် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုဖြစ်ပွားမှုမရှိစေရန် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီက မြန်အောင်မြို့ အမှတ်(၆) ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဝါးခယ်မမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းစုကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျောင်းစုကျေးရွာတွင် ယနေ့ နံနက် ၉ နာရီအချိန်က (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းစုကျေးရွာ ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။

ယင်းမာပင်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က စာရေးဆရာ သိုက်စိုးထွန်း(နတ်ရွာ)၏ သိတဲ့မြင်တဲ့အတိုင်းစာအုပ်မှ လူငယ်နှင့် ဆက်ဆံရေးဆောင်းပါး စာဖတ်ဝိုင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သာယာအေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူနေကြသည့် လူနာများနှင့် လူနာစောင့်များအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး ရည်ရွယ်၍ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ကန့်ဘလူမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး ရပ်ကွက်များရှိ မီးသတ်ရေလှောင်ကန်များ ရေဖြည့်ခြင်းလုပ်ငန်းဆောင်ရွက်

ပွင့်လင်းရာသီ ရောက်ရှိလာတော့မည်ဖြစ်သဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်လင်းနှင့် တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များရှိ မီးသတ်ရေလှောင်ကန်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ရေဖြည့်တင်းခြင်းလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၄ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to