ပြည်မြို့နယ်၌ သမဝါယမကဏ္ဍမှ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား မျိုး၊သွင်းအားစုများ ပေးအပ်ပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ အတွက် သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား စိုက်ပျိုးဧက (၂၀၀) အတွက် ပြည်မြို့နယ် သမဝါယမအသင်းစုပိုင်ငွေဖြင့် (၁) ဧကလျှင် (၂) သိန်းနှုန်းနှင့်ညီမျှသော နေကြာအထွက်တိုး မျိုးကောင်းမျိုးသန့် (ရေဆင်းစပ်မျိုး-၁)သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။