ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း ဥတ္တရသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းသည် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲထွဋ်ဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီ အချိန်ခန့်က အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းစီစဥ်သည့် မိုင်းအန္တရာယ်အသိပညာ ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပခုက္ကူမြို့ပေါ်ရပ်ကွက်များ၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။

ကသာမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းတွင်း ဘက်စုံပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်က ကသာမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ ပြုလုပ်ခဲ့သည်။

မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးမှုကို ကျောက်ပန်းတောင်းမြို့တွင် သရုပ်ပြတွင်ဆောင်ရွက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အစီအစဉ်ဖြင့် မြန်မာအီလက်ထရောနစ် မဲပေးစနစ်ဖြင့် သရုပ်ပြစမ်းသပ် မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စကားဝါမြေ ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၌ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် မီးသတ်ဦးစီးဌာနမှ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား လုပ်သားပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံပိုင်ကုန်ထုတ်အရင်းအနှီးများ၊ ပြည်သူပိုင် အဆောက်အဦးများကို မီးဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရန်နှင့် သဘာဝ​အလျောက် ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်အမျိုးမျိုးတို့ကို လုပ်သားပြည်သူများ အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ကာကွယ်တားဆီးစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ရှာဖွေ ကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ဖျာပုံမြို့နယ် မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဘုတ်ပြင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များက ယနေ့နံနက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့ ဆုကိုယ်ပိုင်အထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် ဓာတ်ပုံ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်များပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆုကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး အဆိုပါကျောင်းခန်းမ၌ အသိပညာပေး ဟောပြောပွဲနှင့် ဓာတ်ပုံ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်များပြသခြင်းကို ယနေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ ကလေးသူငယ်များ သဘာဝဘေးအန္တရာယ်လျော့နည်းရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေးအသိပညာပေး အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ကလေးသူငယ်များ သဘာဝဘေးအန္တရာယ်လျော့နည်းရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး အခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (သဲတော)တွင် ကျင်းပခဲ့သည်။
Subscribe to