မိတ္ထီလာမြို့နယ် ကုက္ကိုကုန်းအခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်းကျင်းပ

မိတ္ထီလာမြို့နယ် ကုက္ကိုကုန်းအခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်းကျင်းပ မိတ္ထီလာ နိုဝင်ဘာ ၁၀ သိန်းမြင့်ကျော်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဆောင်းရာသီအကြို ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် Hole in One Golf Association ၏ ဆောင်းရာသီအကြို ‌ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီခွဲက မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်အတွင်းရှိ Northern Star ဂေါက်ကလပ်၌ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။

ပင်းတယမြို့၌ (၃၄) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ဆူးဗိုလ်ကုန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က (၃၄) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ကျင်းပခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေ မိဘပြည်သူများ တက်ရောက်သည်။

(၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသပေး

(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် ခုတင် (၁၀၀) တိုင်းရင်းဆေးရုံကြီးမှ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာ အမှတ်(၁၉) အခြခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌  မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက်၊ ကွင်းအမှတ် (၃၇၆BN)၊ ဦးပိုင်(၄၁/၄)ဧရိယာ၊ (၂.၅၀)ဧကရှိ တောင်သူ ဒေါ်သီတာဆင့်ဆင့်၏ လယ်ယာမြေ၌ မိုးစပါး ရက်(၉၀)စပါး တောင်သူပညာပေးစံပြကွက် ၆၆ပေ ပတ်လည် (၀.၁၀)ဧကအား ယနေ့နံနက် ၁၀နာရီအချိန်တွင် ရိတ်သိမ်းခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှ သိရသည်။

သရက်ချောင်းမြို့နယ်၌ ဆောင်းသီးနှံ(နေကြာ၊ မတ်ပဲ)တိုးချဲ့စိုက်ပျိုးသော တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွက် ဆောင်းသီးနှံ(နေကြာ၊မတ်ပဲ) တိုးချဲ့စိုက်ပျိုးသော တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်္ဃန်းကျွန်းမြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင် ပြည်သူများ ပါဝင်သည့် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က သင်္ဃန်းကျွန်းမြို့နယ် ဆ/ခရပ်ကွက်ရှိ မေတ္တာကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

(၆၅)ကြိမ်မြောက် ဗထူးတပ်နယ်၊ ရပ်စောက်မြို့နယ် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် (၆၅) ကြိမ်မြောက် ဗထူးတပ်နယ်၊ ရပ်စောက်မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်နေပြည်သူအလှူရှင်များပါဝင်သည့် စုပေါင်းမဟာဘုံကထိန်ပွဲအလှူ တရားတော်နာရေစက်ချ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က မြို့ကုန်းရပ်ကွက်၊ စူဠာမုနိကုသိုလ်တော်ဘုရားကြီးဓမ္မာရုံ၌ ကျင်းပသည်။
Subscribe to