ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ အခြေခံပညာကျောင်းများအား ကြည့်ရှုစစ်ဆေး

ညောင်တုန်း  နိုဝင်ဘာ ၁၁

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် အဖွဲ့သည် နိုဝင်ဘာ  ၉ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပေးစိကျေးရွာအုပ်စုရှိ အခြေခံပညာအထက်ကျောင်း (ခွဲ) သို့ ရောက်ရှိရာ ကျောင်းဝန်းအတွင်းနှင့် ကျောင်းဆောင်သစ်ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေး၍ ဆရာ/ဆရာမများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးနှင့် အဖွဲ့သည် ညောင်တုန်းမြို့နယ်အတွင်းရှိ နတ်ပေးအခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများအား ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဆရာ/ဆရာမများနှင့်တွေ့ဆုံကာ ကျောင်း၏လိုအပ်ချက်များနှင့် ပညာရေးကိစ္စရပ်များကို မှာကြားခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)