မုံရွာ နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင် (၁၄) ခရိုင်ရှိသည့်အနက် ခရိုင် (၇) ခရိုင်၌ ယခုနှစ် မိုးသီးနှံ နေကြာ ၄၇၂၂၃ ဧက လျာထားစိုက်ပျိုးခဲ့ရာ ယခုအခါ ၄၄၄၈၁ ဧက ရိတ်သိမ်းပြီးစီးကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးနေကြာ များစိုက်ပျိုးရာတွင် စပ်မျိုး-၁၊ ဆင်းရွှေကြာ၂၊၃၊ ဆန်ဖိုလာနေကြာမျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များကို စိုက်ပျိုးထားရှိပြီး တောင်သူလယ်သမားများ မိုးနေကြာစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ခြင်းများကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မိုးနေကြာများကို တိုင်းဒေသကြီးအတွင်းရှိ မုံရွာခရိုင်တွင် ၉၅၃၇ ဧက၊ ယင်းမာပင်ခရိုင်တွင် ၁၆၀၈၆ ဧက၊ ရွှေဘိုခရိုင်တွင် ၁၁၁၇ ဧက၊ ရေဦးခရိုင်တွင် ၄၉၉၅ ဧက၊ ကန့်ဘူခရိုင်တွင် ၅၉၅ ဧက၊ စစ်ကိုင်းခရိုင်တွင် ၁၄၇၈၉ ဧက၊ ကသာခရိုင်တွင် ၉၀ ဧက၊ စုစုပေါင်း ၄၇၂၂၃ ဧကကို မေလဆန်းမှ စတင်စိုက်ပျိုးနိုင်ခဲ့ပြီး ယနေ့အချိန်အထိ ၄၄၄၈၁ ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း ၂၂ ဒသမ ၂၈ ရာခိုင်နှုန်းဖြင့် စုစုပေါင်း မိုးနေကြာ တင်းပေါင်း ၉၉၁၁၄၃ ထွက်ရှိကာ ကျန်ရှိမိုးနေကြာများကို နိုဝင်ဘာလကုန်အထိ ဆက်လက်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)