မင်းလှမြို့နယ်တွင် မလွန်မြသပိတ် စေတီတော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းရန် ဒုတိယအကြိမ်အလှူငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မလွန်ကျေးရွာရှိ မြသပိတ်စေတီတော်ကြီး ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရန် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်ချအခမ်းအနားနှင့် မြသပိတ်စေတီတော်ကြီးကို မြန်မာရွှေ ၁၆ ပဲရည်ပြည့် ရွှေဆိုင်း (၈၀၀) ဆက်ကပ်လှူဒါန်းရန် ဒုတိယအကြိမ်အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မလွန်စေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။