နတ်မောက်မြို့နယ်၌(၃၆)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ (၃၆)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့တွင် ဆရာတော်ကြီးများအား အာရုံဆွမ်းကပ်လှူဒါန်းခြင်း၊ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များနာယူပြီး လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်းခဲ့ရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နှစ်ပတ်လည်နေ့အခမ်းအနား ဆက်လက်ကျင်းပခဲ့သည်။