ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနနှင့် ဟားခါးပြည်သူ့ဆေးရုံကြီးမှ အခမဲ့ ကျန်းမာရေးစစ်ဆေးပေးလျက်ရှိ

ဟားခါး နိုဝင်ဘာ ၁၂

ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန နှင့် ဟားခါးပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများက ယနေ့ နံနက် ၁၀ နာရီတွင်  ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ချင်းပြည်နယ် ပြည်သူ့ကျန်းမားရေး/ ကုသရေး ဦးစီးဌာနမှူး ဒေါက်တာချမ်းငြိမ်းမောင်နှင့် ဟားခါးဆေးရုံအုပ်ကြီး ဒေါက်တာဟိဏ်းထက်စိုး၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများက နှလုံးရောဂါ ၊ ဆီးချိုရောဂါ ၊ သွေးချိုရောဂါများအပြင် အခြားရောဂါများကို အခမဲ့ စစ်ဆေးပေးလျက်ရှိပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး ၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လာရောက်ပြသကြရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ကျန်းမာရေးဝန်ထမ်းများအတွက် လက်ဆောင်ခြင်းနှင့် ထောက်ပံ့ငွေ ကျပ် ၁၀ သိန်းပေးအပ်ကာ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာချမ်းငြိမ်းမောင်က လက်ခံရယူခဲ့ကြောင်း သိရသည်။

 ခရိုင် (ပြန်/ဆက်)