ဒဂုံမြောက် နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သော လူမှုကူညီရေး(ပရဟိတ)အသင်းများအတွက် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို မြို့နယ်ကြက်ခြေနီအသင်းခွဲတည်ရှိရာ အမှတ်(၁၀၀၃)၊ ရာဇဓိရာဇ်လမ်း၊ (၃၈) ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
လူမှုကူညီရေး(ပရဟိတ)အသင်းများအတွက် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းတို့က သင်တန်းဆင်းအမှာစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများက ရှေးဦးသူနာပြုစုနည်းဖြင့် လူနာအသက်ကယ်နည်းကို လက်တွေ့သရုပ်ပြသခဲ့ကြပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသား/ သူများအား တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး၊ အတွင်းရေးမှူး ဦးကျော်မြင့်အောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းတို့က ထူးချွန်ဆုများ အသီးသီး ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဒေါက်တာဇော်ဌေး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်း၊ တိုင်းကြက်ခြေနီအတွင်းရေးမှူး ဦးကျော်မြင့်အောင်၊ မြို့နယ်စီမံအုပ်ချုရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်း၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ လူမှုရေးအသင်းများမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နည်းပြဆရာများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသူ/သင်တန်းသား (၃၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)