ပုသိမ်ကြီး နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွာသစ်ကျေးရွာရှိ စံပြကွက်များ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ အဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီး သိန်းအောင်ထွေး၊ အဖွဲ့ဝင် (၂) ဦးတင်မောင်ဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်၊ ခရိုင်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် မြို့နယ်စိုက်ပျိုးကြီးကြပ်ရေး အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တောင်သူများဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
စံပြကွက်များကို ရွာသစ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၆၈) ရှိ တောင်သူ ဦးချိုတူး၏ ရေဆင်း(၁) စပ်မျိုးနေကြာ စိုက်ခင်း (၂.၀၀) ဧကတွင် ဆောင်းနေကြာ ပန်းတိုင်အထွက်နှုန်း ရရှိရေး စံပြကွက်တွင် လည်းကောင်း၊ ရွာသစ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၆၈) ရှိ တောင်သူ ဦးဖိုးခိုင်၏ တွန်တာနီ(မြေပဲမျိုး) စိုက်ခင်း (၁.၅၀) ဧကတွင် ဆောင်းမြေပဲ အထူးဇုန် စံပြကွက်တွင်လည်းကောင်း စိုက်ပျိုးထားရှိပြီး စံပြကွက် စိုက်ပျိုးထားရှိမှု အခြေအနေများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် အဖွဲ့မှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို ပြန်/ဆက်