မန်းကျည်းကိုင်းကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်

အမရပူရ နိုဝင်ဘာ ၁၂

 မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရမြို့နယ်၊ မန်းကျည်းကိုင်းကျေးရွာအုပ်စု၊ အ.မ.က (မန်းကျည်းကိုင်း)အခြေခံပညာကျောင်းသို့ အမရပူရ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်လ.ဝ.ကမှူး ဒေါ်သင်းသင်းကြူ ဦးဆောင်သောအဖွဲ့မှ နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက မန်းကျည်းကိုင်းကျေးရွာနှင့် ရွှေပေါက်ပင်ကျေးရွာတို့မှ အသက် (၁၀) နှစ်ပြည့် ကျောင်းသား/ကျောင်းသူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက် ၃ ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အကျုံးဝင်ကျောင်းသား ကျား(၃၉ )ဦး၊ ကျောင်းသူမ ( ၃၁) ဦး၊ စုစုပေါင်း(၇၀)ဦး မှတ်ပုံတင်ပြုလုပ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်လဝက ဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။

စိုးသီဟ(အမရ)