ဝါးခယ်မမြို့နယ်တွင် (၅၈) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပ

ဝါးခယ်မ နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကွမ်းခြံကုန်းကျောင်းတိုက်တွင် ယနေ့ မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အလှူရှင်မိဘပြည်သူများမှ (၅၈)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဦးဆောင်၍ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လှူမှုရေးအသင်းအဖွဲ့ များ၊ အလှူရှင်များနှင့် ပြည်သူများမှ ငွေသားပစ္စည်းပဒေသာပင်(၆၂)ပင်အား စုရပ်ဖြစ်သော ကွင်းခြံကုန်းကျောင်းတိုက်မှ မြို့တွင်းသို့ အကအလှများ၊ ကထိန်တီးလုံးများဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ကြပြီး ကွင်းခြံကုန်းကျောင်းတိုက်သို့ ပိုဆောင်ခဲ့ကြောင်းနှင့် ဝါးခယ်မမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၆၂)ကျောင်းအား ငွေပဒေသာပင်(၆၂)ပင် ဆက်ကပ်လှူဒါန်းမည်ဖြစ်ရာ ငွေသားပစ္စည်း စုစုပေါင်းတန်ဖိုး ငွေကျပ်(၂၄၃၄၇၇၁၁)ကျပ် ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)