ပျဉ်းမနားမြို့နယ်၌ မြို့ယ်လုံးဆိုင်ရာ ၅၃ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲအတွက် ပဒေသာပင်များ လှည့်လည်ပို့ဆောင်

ပျဉ်းမနား နိုဝင်ဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၌၊ မြို့နယ်လုံးဆိုင်ရာ (၅၃) မြောက် စုပေါင်းမဟာဘုံကထိန် အခမ်းအနားကို နိုဝင်ဘာလ ၁၅ ရက်နေ့၌ ဆုတောင်းပြည့် လောကမာရဇိန်စေတီတော်အတွင်းရှိ ဗောဓိညောင်ပင်ကွင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၌၊ မြို့နယ်လုံးဆိုင်ရာ ၅၃ မြောက် စုပေါင်းမဟာဘုံကထိန်အခမ်းအနားတွင် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဘုန်းတော်ကြီးကျောင်းများအား ပဒေသာပင်များ မဲဖောက်ဆက်ကပ်လှူဒါန်းခြင်းများ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ အသီးသီးမှ စေတနာရှင်များစုပေါင်းလှူဒါန်းခဲ့ကြရာ ပဒေသာပင်ပေါင်း ၁၂၀ ကျော်ရရှိခဲ့ပြီး ယနေ့တွင် ပဒေသာပင်များ လှည့်လည်ပို့ဆောင်ခြင်းများကို ရပ်ကွက်/ကျေးရွာများအလိုက် ပျော်ရွှင်စွာလှည့်လည်ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)