ရေကြီးနစ်မြုပ်ဒေသများအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ လှူဒါန်းသည့် လယ်ယာအထောက်အကူပြုပစ္စည်းများ ပေးအပ်ပွဲ ကျင်းပ

ပျဉ်းမနား နိုဝင်ဘာ ၁၅

ရာဂီမုန်းတိုင်းအရှိန်ကြောင့် နေပြည်ဝောာ်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် သီးနှံများ ထိခိုက်ပျက်စီးခဲ့မှု့အပေါ် ပြန်လည်စိုက်ပျိုးရန်နှင့် ထိခိုက်ဧကများ အထွက်နှုန်း မလျော့နည်းစေရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ကျပ်သိန်း ၅၀၀ဝိ/- တန်ဖိုးရှိသည့် ထောက်ပံ့ပစ္စည်းများအား တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့သို့ လှူဒါန်းပေးအပ်ခဲ့သည်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွက် ၈၀၈၅၆၉၇၅ ကျပ်နှင့် ညီမျှသော သွင်းအားစုများအား ပျဉ်းမနားမြို့နယ်၊ သနပ္ပင်ဆိပ် စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ယနေ့မွန်းလွဲပိုင်းက ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ စပါးသီးနှံ ညွှန်ကြားရေးမှူး ဦးတိုးမင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ထောက်ပံ့ပစ္စည်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးနိုင်မှ နေပြည်တော်အတွင်း ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးခဲ့မှုအပေါ် ပြန်လည်စိုက်ပျိုးပြီးစီးမှု အခြေအနေများ၊ စိုက်ခင်းများ ပြန်လည် ထူထောင်နိုင်ရေးနှင့် အထွက်နှုန်း တိုးတက်ရေးအတွက် ရှင်းလင်းပြောကြားခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရေကြီးနစ်မြုပ်ဖြစ်ပေါ်ခဲ့သော မြို့နယ် ၆ မြို့နယ်သို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တန်ဖိုး ၈၀၈၅၆၉၇၅ကျပ်နှင့် ညီမျှသည့် မျိုး၊ ရွက်ဖျန်း အားဆေးနှင့် ပိုးသတ်ဆေးများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)