ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်း

ပေါင် နိုဝင်ဘာ ၁၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်(၈)နာရီက ပေါင်မြို့နယ်၊ ဖြူဘကျေးရွာ၌ ပြုလုပ်ခဲ့သည်။

ထိုမိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ မြို့နယ်မြေစာရင်းဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ အပါအဝင် စုစုပေါင်း(၇၇)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် ဧည့်မထကောင်း(ပြည်တော်ရင်) စပါးမျိုး ကွဲအား (၀.၁၀)ဧက စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် အစိုအထွက် ၈၄ ဒသမ  ၇၅ တင်းနှုန်းနှင့် အခြောက်အထွက် ၇၇ ဒသမ ၁၂ တင်းနှုန်း  ထွက်ရှိခဲ့သည်။ဆက်လက်၍ တာဝန်ရှိသူများက  ဒုတိယသီးနှံသီးထပ်နွေစပါး စိုက်ပျိုးရန် ထွန်စက်များဖြင့် မြေယာပြုပြင်ခြင်းလုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)