နောင်တရား နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ သံဃာတော်အရှင်သူမြတ်များကို ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရန်အတွက် (၅၅)မြောက် စုပေါင်းမဟာဘုံကထိန်ကိုပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည်။
စုပေါင်းမဟာဘုံကထိန်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုအခါ (၅၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကို ဆက်လက်ကျင်းပသည်။ နံနက်ပိုင်းတွင်တွင် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ကထိန်ပွဲသို့ ကြွရောက်လာကြသည့် ဧည့်သည်တော်များကို ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့သည်။ မွန်းလွဲပိုင်းတွင် သံဃာတော်များထံမှ ငါးပါးသီလခံယူပြီး ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခဲ့သည့် ကောင်းမူကုသိုလ်အစုစုအတွက် အမျှပေးဝေသည်။ စုပေါင်းမဟာဘုံကထိန်ပွဲတွင် ကထိန်သင်္ကန်း (၈၃၀) စုံနှင့် ပဒေသာပင် (၂၀) ကျော် စုပေါင်းလှူဒါန်းကြသည်။ ညပိုင်းတွင် နောင်တရားကျောင်းဒါယကာ၊ ဒါယိကာမများက မီးပဒေသာများ လှည့်လည်ပူဇော်ခြင်းနှင့် စိန်နားပန်မီးပုံပျံနှင့် ညမီးကျည်မီးပုံပျံများ လွှတ်တင်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)