ပခုက္ကူမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးကျင်းပ  

ပခုက္ကူ နိုဝင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ပခုက္ကူမြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်လှဌေးမြင့်က အစည်းအဝေးကျင်းပရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး  ဌာနများအလိုက် လုပ်ငန်းစီးမံကိန်းများကို ဒေသန္တရစီမံကိန်းများ၊ နိုင်ငံပိုင်အခန်း ရင်းနှီးမြှပ်နှံမှုနှင့် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်းများရေးဆွဲရာတွင် တိကျမှန်ကန်ပြီး နည်းစနစ်မှန်ကန်စေရေး၊ တည်ဆောက်ရေးလုပ်ငန်းအတွက် ဆောင်ရွက်ဆဲလုပ်ငန်း၊ လုပ်ငန်းစီမံကိန်းများ၊ အဆိုပြုလွှာများကို စနစ်တကျစိစစ်ရေးတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)