ဘီးလင်းမြို့နယ်၌ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ် ပင့်ဆောင်ပူဇော်ခြင်းနှင့် နိဗ္ဗာန်စျေးပွဲတော် စည်ကားစွာကျင်းပ

ဘီးလင်း နိုဝင်ဘာ ၁၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက် (၇) တွင် နှစ်စဥ်ကျင်းပပြုလုပ်သော ရှင်ဥပဂုတ္ထရဟန္တာမထေရ်မြတ်အား ပင့်ဆောင်ပူဇော်ခြင်းနှင့် နိဗ္ဗာန်စျေးပွဲတော်ကို ယနေ့ ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်အား ပင့်ဆောင်ပူဇော်ခြင်းနှင့် နိဗ္ဗာန်စျေးပွဲတော်ကို ဘီးလင်းမြို့ ကန်သာယာရပ်ကွက် (၇)အတွင်းရှိ ရပ်မိရပ်ဖများ၏ ဦးဆောင်မှုဖြင့် အလှူရှင်များ စုပေါင်းကာ ကလေးများအတွက် နိဗ္ဗာန်စျေးများ ပြုလုပ်ပေးခြင်း၊ စတုဒီသာများ ကျွေးမွေးခြင်းနှင့် ညပိုင်းတွင် ရှင်ဥပဂုတ္ထရဟန္တာမထေရ်မြတ် ပင့်ဆောင်ပူဇော်ထားရှိရာ ဗဟိုမဏ္ဍပ်၌ ကန်သာယာရပ်ကွက်  ဓမ္မစင်္ကြာဝတ်အဖွဲ့ဝင်များက ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ခြင်း၊ ပရိတ်တရားတော် နာကြားခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)