တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာန၌ အရန်မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

တောင်တွင်းကြီး နိုဝင်ဘာ ၁၉

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့ ညနေ (၄)နာရီအချိန်က အရန်မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးမှူး ဦးစောမောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် မီးသတ်တပ်ဖွဲ့၏ အဓိကတာဝန်ကြီး(၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး တာဝန်ကြီး(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းတွင် အခြေခံမီးသတ်ပညာဘာသာရပ် (စာတွေ့လက်တွေ့)၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း (စာတွေ့လက်တွေ့)တို့ကို နိုဝင်ဘာ (၁၈)ရက်နေ့မှ ဒီဇင်ဘာ(၁၃)ရက်နေ့အထိ ရက်သတ္တပတ်()ပတ်ကြာ သင်တန်းဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် အရန်မီးသတ်လုပ်သက် (၂၅)အထက် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး တောင်တွင်းကြီးမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ သင်တန်းသား(၅၀)ဦး လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းတက်ရောက်မည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးမှူး ဦးစောမောင်ထံမှ သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)