ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ပုဗ္ဗသီရိ နိုဝင်ဘာ ၁၉

စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာမည့် အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်စေရန်နှင့် စာဖတ်ဝိုင်းမှတစ်ဆင့် ဘဝအထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ နာယကနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ ဆရာမများ၊ စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာ တက်တိုးရေးသားသော "စာဖတ်စည်းစိမ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေအေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာရေးဆရာ တက်တိုး ရေးသားသော "စာဖတ်စည်းစိမ်" စာအုပ်ပါအကြောင်းအရာများကို မိတ်ဆက်ဆွေးနွေးခဲ့ပြီးနောက် စာဖတ်ဝိုင်းအား ဆက်လက်ဆောင်ရွက်ရာ စာရေးဆရာ၊ ဆရာမများဖြစ်ကြသော စိန်ဝင်းနွယ်(ဘာသာပြန်)၊ ရဲမွန်ကျော်၊  မောင်ရည်ကျော်(ရူပ)၊ နွေဦးကိုကို၊  ချယ်ချယ်(YU)၊ နန်းနန်း(စပါးကျီ) နှင့် စာပေဝါသနာရှင်များက စာရေးဆရာ တက်တိုး ရေးသားထားသော "စာဖတ်စည်းစိမ်" စာအုပ်အားဖတ်ရှု၍ စာအုပ်တွင်ပါရှိသော ကြိုက်နှစ်သက်ရာ ခေါင်းစဉ်များအလိုက် မိမိတို့၏ လျှောက်လှမ်းခဲ့ရသော ဘဝလမ်းခရီးတွင် ကြုံတွေ့ခဲ့ရသည့် ဘဝအတွေ့အကြုံများနှင့်ယှဉ်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နန်းရွှေရတီ(ပြန်/ဆက်)