မိုင်းတုံ နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရှိ မြိုနယ်ထွေအုပ်အစည်းအဝေးခန်း၌ ၂၀၂၄ ခုနှစ်၊ ယနေ့ နံနက် ၁၀ နာရီ အချိန်က သတင်းညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက လုပ်ငန်းဆောင်ရွက်မှုတိုင်းကို ဗုဒ္ဓဟူးနေ့တိုင်းတင်ပြရတာဖြစ်သည့်အတွက် သတင်းညှိနှိုင်းအစည်းအဝေးနှင့်ပက်သက်ပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း ဆောင်ရွက်နေခြင်းဖြစ်ခြင်း၊ မိမိဌာနရဲ့ တစ်ပတ်တာလုပ်ငန်းတွေ၊ မိမိပတ်ဝန်းကျင်အတွင်း ဖြစ်ပေါ်နေမှုများ၊ လုပ်ဆောင်ခဲ့ရသည့် အခက်အခဲများ၊ ကိုယ်တိုင်ဆန္ဒရှိသည့် အရာများကို ချပြမှသာ သိရှိနိုင်ခြင်း၊ တစ်ပတ်တာကာလအတွင်း ညှိနှိုင်းဆွေးနွေးမှုများ ပုံမှန်လုပ်ဆောင်သွားပါက အခက်အခဲမရှိလုပ်ငန်းများအောင်မြင် သည့်အပြင် လုပ်ငန်း ဆောင်ရွက်ရာတွင်လည်း လျင်မြန်မြန်ဆန်ကြောင်းပြောကြားပြီးနောက်၊ မြို့နယ်ရဲမှူး၊ မြို့နယ်လဝက၊ မြို့နယ်မြေစာရင်း၊ မြို့နယ်စည်ပင်၊ မြို့နယ်ကော်မရှင်၊ မြို့နယ်ပညာရေး၊ မြို့နယ်စိုက်ပျိုးရေး၊ မြို့နယ်ဆယ်မြောင်း၊ မြို့နယ်တိကုစသည့် ဌာနအသီးသီးမှ လုပ်ငန်းဆောင်ရွက်မှုများနှင့် ကြုံတွေ့ခဲ့ရမှုများကို အလှည့်ကျဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)