နတ်မောက်မြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို  အလယ်တန်းဆင့် ပုံပြောပြိုင်ပွဲ ကျင်းပ

နတ်မောက် နိုဝင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အလယ်တန်းဆင့် ပုံပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူများအား နေ့ထူးနေ့မြတ်များအား အစဉ်အောင်းမေ့သတိရစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းဖြစ်လာစေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စကားပြောနိုင်မှုစွမ်းဆောင်ရည်မြင့်မားစေရန်၊ စိတ်လက်ပျော်ရွင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲဝင်စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပုံပြောပြိုင်ပွဲကျင်းပရာ အလယ်တန်းဆင့် ကျောင်းသား/သူများက အမျိုးသားအောင်ပွဲနေ့ တို့မမေ့ ခေါင်းစဉ်ဖြင့် ဝင်ရောက်ယဉ်ပြိုင်ကြသည်။

အဆိုပါ ပုံပြောပြိုင်ပွဲသို့  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများ၊ အလယ်တန်းဆင့် ကျောင်းသား/သူများများ  စုစုပေါင်း (၄၇)ဦး တက်ရောက်သည်။

လှဝင်း