ပုလော နိုဝင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပုလောမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြင်သောင်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က အနာဂတ်နိုင်ငံကို ဖန်တီးမည့် ခေါင်းဆောင်များဖြစ်ကြသည့် လူငယ်များအနေဖြင့် အရည်အချင်းပြည့်ဝသော၊ ကတိတည်သော၊ ခိုင်မာသော စရိုက်လက္ခဏာရှိသူများဖြစ်ရန် အရေးကြီးကြောင်း၊ အောင်မြင်မှု ရရှိစေရန် အတွေ့အကြုံအခက်အခဲများနှင့် စိန်ခေါ်မှုများမှတစ်ဆင့် အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်စေနိုင်သည့် အခြေအနေများကို လေ့လာသင်ယူရမည်ဖြစ်ကြောင်း လူငယ်နှင့် ခေါင်းဆောင်မှုပညာ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပြသထားရှိသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။
အေးအေးမော်(ပုလော)