မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စက်ခေါင်းမောင်း(ပညာသင်)သင်တန်း   အမှတ်စဉ် (၁၉/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၁၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ စက်ခေါင်းမောင်း (ပညာသင်)သင်တန်း အမှတ်စဉ်(၁၉/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရထားသင်တန်းဌာနခွဲက ဖွင့်လှစ်သည့် စက်ခေါင်းမောင်း(ပညာသင်)သင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပြီး သင်တန်းသား သင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ၎င်းရထားသင်တန်းဌာနခွဲက ဖွင့်လှစ်သည့် စက်ခေါင်းမောင်း(ပညာသင်)သင်တန်း   အမှတ်စဉ်(၁၉/၂၀၂၄) ကို သင်တန်းသားသင်တန်းသူ  ၁၉ ဦး တက်ရောက်ပြီး  သင်တန်းကာလမှာ ရက်သတ္တပတ် ၂၉ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။        

သိန်းမြင့်ကျော်(မိတ္ထီလာ)