သရက်မြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သရက် နိုဝင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လမ်းညွှန်မှုအရ သရက်ခရိုင် သရက်မြို့နယ်အတွင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အခြေခံကျန်းမာရေးဝန်ထမ်းများက ပြင်းထန်းဝမ်းပျက်ဝမ်းလျောရောဂါများအကြောင်း သရက်မြို့ပေါ်ရှိ ရပ်ကွက်(၈)ရပ်ကွက်တွင် ကျောင်းကျန်းမာရေးဌာနနှင့် မြို့မကျန်းမာရေးဌာနတို့ ပူးပေါင်း၌၍ မြို့ပေါ်ရှိ အခြေခံမူလတန်းကျောင်း(၇)ကျောင်း မြို့နယ်အတွင်းရှိ ကျေးရွာ (၃)ရွာတို့တွင် ပြည်သူလူထုနှင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ (၁၅)ရက်နေ့ နံနက်(၁၀)နာရီက  အောင်သီရိမူလတန်းကျောင်းတွင် ပြင်းထန်းဝမ်းပျက်ဝမ်းလျောရောဂါ နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူလူထုနှင့် ကျောင်းသား/ကျောင်းသူတို့၏ စားသောက်နေထိုင်မှုပုံစံများ  ယင်လုံအိမ်သာသုံးစွဲမှုအခြေအနေနှင့် သောက်သုံးမှုအခြေအ‌နေနှင့် ဝမ်းပျက်ဝမ်းလျောရောဂါနှင့် ပတ်သက်သည်များကို အသိပညာပေး ဟောပြောဆောင်ရွက်နေမှုအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ညွန့်ရွှေအောင် ဦးဆောင်၍ အခြေခံကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)