ဘုတ်ပြင်း နိုဝင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အ-ထ-က(ဘုတ်ပြင်း)ကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အ-ထ-က(ဘုတ်ပြင်း)ကျောင်းမှ အထက်တန်းကျောင်းသား၊ကျောင်းသူများက ပညာပန်းခင်း သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။ အ-ထ-က(ဘုတ်ပြင်း)ကျောင်းအုပ်ဆရာမကြီး ဒေါ်လှအေးက မိဘဆရာအသင်းနှစ်ပတ်လည်ကျင်းပသည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ၂၀၂၄-၂၀၂၅ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ အမှုဆောင်အသစ်များရွေးချယ်အတည်ပြု ကြေညာခြင်းနှင့် ကျောင်းအကျိုးတော်ဆောင် ဦးထွန်းညွန့်u ထောက်ပံ့မှုစာရင်းရှင်းတမ်းနှင့် ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့်ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများ၊ အတန်းအလိုက် ထူးချွန်ကျောင်းသားများ၊ လူရည်ချွန်ဆုရ ကျောင်းသား၊ကျောင်းသူများနှင့် ထူးချွန်ကျောင်းသားများအား သင်ကြားပေးသည့် အတန်းလိုက် ဘာသာရပ်သင်ဆရာ၊ ဆရာမများအား တက်ရောက်လာကြသူများက ထူးချွန်ဆုများနှင့် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသားကျောင်းသူများက အကပဒေသာများဖြင့် ဧည့်ခံကပြဖျော်ဖြေခဲ့ကြရာ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)