ကျိုက်မရောမြို့နယ်၌ ဒေသခံပြည်သူများအား စားအုန်းဆီများ စျေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေး

ကျိုက်မရော နိုဝင်ဘာ ၁၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ဒေသခံပြည်သူများအား သက်သာချောင်ချိရေးအတွက် အခြေခံစားအုန်းဆီများအား စျေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယမန်နေ့နံနက်က မြို့မစျေးကြီး၌ ဖြန့်ဖြူးပေးလျက်ရှိသည်။

အဆိုပါ စားသုံးသူများအား စားအုန်းဆီများရောင်းချပေးရာ၌ စားအုန်းဆီ တစ်ပိသာကို ၇၄၀၀ ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် နှစ်ပိသာနှုန်းစီဖြန့်ဖြူးပေးပြီး အပတ်စဥ် တနင်္လာနေ့နှင့် သောကြာ နေ့များ၌ မြို့မစျေး၊ အခွန်လွတ်စျေးတို့၌ လှည့်လည်ရောင်းချပေးခဲ့ကြောင်း ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ကျိုက်မရောမြို့နယ်တွင် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာချောင်ချိရေးအတွက် အပတ်စဥ်အခြေခံစားအုန်းဆီနှင့် အခြားသောစားသုံးကုန်များအား စျေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)