ပုသိမ်မြို့၌ ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင် ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများထိုးနှံပေး

ပုသိမ်သိမ် နိုဝင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီးအတွင်း အသက်(၅)နှစ်ပြည့်ပြီး အသက်(၇)နှစ်မကျော်သော KG ကျောင်းသား/သူများအား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး(DT)နှင့် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၀)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ကျောင်းအခြေပြု ထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ပုသိမ်မြို့နယ်အတွင်း ဆေးထိုးစုရပ်များသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟနှင့် တိုင်းဒေသကြီး / ခရိုင်/ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက  လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

ပုသိမ်မြို့၌ ကျောင်းအခြေပြုဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယနေ့မှစ၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)