တိုက်ကြီး နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မြို့မ(၃)၌ ကျင်းပသည်။
ဉီးစွာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဉီးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က လူငယ်နှင့်စာပေတန်ဖိုးခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် လူငယ်များအနေဖြင့် အနာဂတ်ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာ လျှောက်လမ်းနိုင်ရေးအတွက် ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးပြီး အနှစ်သာရရှိသော စာပေများအား ကျောင်းသား၊ ကျောင်းသူလူငယ်များ လေ့လာဖတ်ရှုကြစေရေးနှင့် အသိဉာဏ်ပညာတိုးတက်စေရေးအတွက် စာပေသည် အဓိကဖြစ်ကြောင်းတို့ကို အကျယ်တဝင့်အသိပညာပေးဟောပြောဆွေးနွေး သည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)