သီပေါမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်ဆောက်လုပ်မည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက် ၁၁ နာရီက ဗဟိုမဏ္ဍပ်ဆောက်လုပ်မည့်မြို့တော်ခန်းမနှင့် လမ်းလျှောက်သင်္ကြန်ပြုလုပ်မည့် စမ်းမာလာဥယျာဉ်အတွင်းသို့ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။