သီပေါ ဧပြီ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက် ၁၁ နာရီက ဗဟိုမဏ္ဍပ်ဆောက်လုပ်မည့်မြို့တော်ခန်းမနှင့် လမ်းလျှောက်သင်္ကြန်ပြုလုပ်မည့် စမ်းမာလာဥယျာဉ်အတွင်းသို့ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အင်ဂျင်နီယာများ၊ လမ်းဦးစီးဌာနမှ အင်ဂျင်နီယာများနှင့် တာဝန်ရှိသူများက ဗဟိုမဏ္ဍပ်တည်ဆောက်မည့်နေရာ၏ လုံခြုံရေးအခြေအနေ၊ လမ်းလျှောက်သင်္ကြန်ပြုလုပ်မည့်နေရာနှင့် ပြင်ဆင်ဆောက်ရွက်မှုအခြေအနေ၊ ရေဖြန့်ဝေနိုင်မှုစနစ်နှင့် မီးဘေးလုံခြုံရေးအခြေအနေများစသည်တို့ကို အသေးစိတ်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်းနှင့် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)