တောင်တွင်းကြီး ဧပြီ ၇
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ သီးနှံများအတွက် မြေခံမြေပြုပြင်မြေသြဇာနှင့် သဘာဝမြေသြဇာများ အကျိုးရှိစွာအသုံးပြုနိုင်ရေး တောင်သူပညာပေးဆွေးနွေးပွဲကို ယနေနံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် ကြံသီးနှံ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ကင်မွန်းတောင်)၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဝင်းက စိုက်ပျိုးရေးနည်းပညာဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကြံသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ကင်ပွန်းတောင်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘုန်းကျော်မြင့်က မြေခံမြေသြဇာနှင့် သဘာဝမြေသြဇာအကျိုးရှိစွာ အသုံးပြုရေးလုပ်ငန်းများ၊ DR.FARMER (ဖိုးတောင်သူ) ဓာတ်မြေသြဇာ ဖြန့်ဖြူးရေးဒေသတာဝန်ခံ ဦးအောင်မြင့်သန်းက သီးနှံပင်များအတွက် လိုအပ်သော မြေခံမြေပြုပြင်မြေသြဇာများအကြောင်း၊ ဖိုးတောင်သူတံဆိပ်ဖြင့် မြေပြုပြင်မြေသြဇာနှင့်ပတ်သက်၍ အကျိုးကျေးဇူးများ၊ အသုံးပြုပုံအဆင့်ဆင့်၊ မြေ၊ အပင်၊ သီးနှံများအတွက် ပါဝင်သော အာဟာရအာနိသင်များ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကြံလမိုင်းစိုက်ခင်းတွင် ပုလဲဓာတ်မြေသြဇာ၊ ဖိုးတောင်သူမြေပြုပြင်မြေသြဇာတို့ကို အချိုးကျရောစပ်ပြီး ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)