ပုံပါကျင်မြို့၌ အသက်(၁၈)ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူများမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားနိုင်ရန် ဒုတိယအကြိမ်ထပ်မံလှည့်လည်နှိုးဆော်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပုံပါကျင်မြို့ရှိ အသက်(၁၈)ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် ယမန်နေ့မွန်းလွဲ (၃ နာရီ ၃၀ မိနစ်)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်အောင် ဦးဆောင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ ဒုတိယအကြိမ်ထပ်မံလှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပမည့် အပိုင်း(၃)ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက်(၁၈)နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန်ဆန္ဒမဲပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်ကထုတ်‌ဝေသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၇ နာရီအချိန်က မြို့မဈေးနှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်၌၊ မဲရုံမှူး၊ ဒုမဲရုံမှူး မွမ်းမံသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ၊ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ မဲစာရင်း စစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေး တာဝန်ယူဆောင်ရွက်မည့် မဲရုံအဖွဲ့ဝင်များအား (MEVM) မဲပေးစက်အသုံးပြုနည်းမွမ်းမံသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြားအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုင်းယောင်းမြို့တွင် ရွေးကောက်ပွဲအောင်မြင်ရေး ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံစုံ လျာထားချက်ထက် ဧက ၄၉၀ ကျော်ပိုမိုစိုက်ပျိုးနိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံစုံ လျာထားချက်ထက် ဧက ၄၉၀ ကျော်ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိူရေးဦးစီးဌာနမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနား ကျင်းပနိုင်ရန်ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် (၆၄) နှစ်မြောက်တောင်သူလယ်သမားနေ့ ကျင်းပနိုင်ရန်ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

လေးမျက်နှာမြို့နယ်၌ ဆောင်းနေကြာစိုက်ပျိုးထားရှိမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်တွင် ဆောင်းနေကြာစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ယမန်နေ့ နေ့လယ်ပိုင်းက  မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

မိုးညိုမြို့နယ်၌ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းနှင့် မဲ‌ပေးစက်ကိုင်များ မွမ်းမံသင်တန်းပို့ချ

ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာ ဆက်လက်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများ စက်ကိုင်မွမ်းမံသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်မြို့နယ်သို့ မဲပေးစက်များရောက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များ ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းက ပေါင်းတည်မြို့နယ်သို့ ရောက်ရှိ‌လာကြပြီဖြစ်ကြောင်းသိရသည်။

မိုးညိုမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် မိုးညိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရန်အတွက်မိုးညိုမြို့နယ်အတွင်းရှိ မဲပေးခွင့်ရှိပြီး နိုင်ငံသားစိစစ်‌ရေးကတ် ပျောက်ဆုံး၊ ပျက်စီး၊ မထင်ရှားဖြစ်နေသူများအား မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန OSS ခန်းမ၌ ယမန်နေ့တွင် One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေးခဲ့သည်။
Subscribe to