ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ဓမ္မသော်တိုက်နယ်ဆေးရုံနှင့် ကံကျင်းတိုက်နယ်ဆေးရုံတို့တွင် အပူဒဏ်ကာကွယ်ရေးကုသနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိ

ပေါက်ခေါင်း ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ အ​ပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများဖြင့် ပြည်သူ့ဆေးရုံများသို့ လာရောက်ပြသသော လူနာများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု​ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက သိရသည်။

သို့ဖြစ်ရာ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ပေါက်ခေါင်းမြို့နယ် ဓမ္မသော်တိုက်နယ်ဆေးရုံ၊ ကံကျင်းတိုက်နယ်ဆေးရုံတို့တွင် လူနာများလက်ခံကုသပေးမည့်နေရာ ကြိုတင်စီစဥ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းပြင်ဆင်ထားရှိခြင်း၊ လူနာများအား ကျန်းမာရေးပညာပေးခြင်းအပါအဝင် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးအတွက် လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)