ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်နေပြည်သူများအား သောက်သုံးရေများ ဆက်လက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း နွေရာသီကာလသောက်သုံးရေရှားပါးမှု မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း သောက်သုံးရေများ ဆက်လက်လှူဒါန်းဖြန့်ဝေပေးလျက်ရှိသည်။

နတ်တလင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (မြို့မ )ကျောင်း နွေရာသီဘင်ခရာသင်တန်း၌ ပြုလုပ်ခဲ့သည်။

နမ့်စန်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယှဉ်ပြိုင်မည့် ယိမ်းအကအဖွဲ့များ ကြိုတင်လေ့ကျင့်ပြင်ဆင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင်၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အား အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမရှေ့ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါသင်္ကြန်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ယိမ်းအကအဖွဲ့များအနေဖြင့် မိမိတို့ သတ်မှတ်နေရာများအလိုက် ကြိုတင်လေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

ပန်းတောင်းမြို့နယ်၌ သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ လူငယ်များနည်းပညာစွမ်းရည် မြှင့်တင်နိုင်စေရန်နှင့် ဒီဂျစ်တယ်မီဒီယာနည်းပညာရပ်များကို စနစ်တကျအသုံးချတတ်စေရန်ရည်ရွယ်၍ သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

အုတ်ဖိုမြို့နယ်၌ အပူဒဏ်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအား အပူဒဏ်ကာကွယ်ရေးနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများနှင့် သတိပြုရမည့်အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပူဒဏ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

တာမွေမြို့နယ်၌ နွေရာသီကွန်ပျုတာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘာသာ‌‌ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်‌‌သော နွေရာသီကွန်ပျူတာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က အဆိုပါ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ၂၀၂၆ ခုနှစ်၊ စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဧပြီလ ၆ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်ကြီးရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ပေါင်းတည်မြို့နယ် ပြည်သူ့‌ဆေးရုံများ၌ အပူဒဏ်ရောဂါ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ပြင်ဆင်ထားရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်နှင့် တိုက်နယ်ပြည်သူ့ဆေးရုံများတွင် အပူဒဏ်ရောဂါများဖြင့် လာရောက်ပြသသည့် လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကုသပေးမည့် နေရာများအား ကြိုတင်စီစဉ်ဆောင်ရွက်ထားကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တောင်ငူမြို့ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များဖျော်ဖြေရန် ဇာတ်တိုက်ကြိုတင်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပမည့် ဗဟိုမဏ္ဍပ်ကို ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့၌ တည်ဆောက်လျက်ရှိပြီး ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များဖျော်ဖြေရန် ဇာတ်တိုက်ကြိုတင်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိသည်။
Subscribe to