ကွန်ဟိန်း ဧပြီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊(Community Centre) ခန်းမ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ယနေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာကြည့်တိုက်လက်ထောက်-(၃) ဒေါ်သဲမာကသဘာဝပတ်ဝန်းကျင်သည် လူသားတို့၏ အသက်ရှင်နေထိုင်မှုအတွက် အရေးပါဆုံးအရာတစ်ခုဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်မကောင်းပါက လူသားတို့၏ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုဘဝများပါ ထိခိုက်လာနိုင်၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် လူသားတိုင်း၏ တာဝန်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)