ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမှတ် (၉၄) ရပ်ကွက်အိမ်ရာ စီမံခန့်ခွဲရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမှတ် (၉၄) ရပ်ကွက် အိမ်ရာစီမံခန့်ခွဲရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား ဖူဆယ်ဘောလုံးနှင့် အားကစားပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီက အမှတ် (၉၄) ရပ်ကွက်၊ ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပသည်။

ဒေးဒရဲမြို့နယ် မြင်းကကုန်းကျေးရွာ ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့်ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေးရည်ရွယ်၍ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည့် မြင်းကကုန်းကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တံတားမြို့တွင် (၁၈) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် တံတားမြို့တွင် (၁၈) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့ နေ့လယ် (၁) နာရီကတံတားမြို့ ဝိဇ္ဇာဓမ္မသာသနာ့ဗိဗ္မာန်၌ ကျင်းပသည်။

မုဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များထုတ်ပေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက တာပသွန်ကျေးရွာရှိ ဥယျာဥ်ခြံလုပ်သားများအား လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ပုံမှန်ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးခြင်းများကို မြို့နယ်ဒုဦးစီးမှူး ဦးအောင်နေလင်း၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမြဝင်းနှင့် တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် (၈) နာရီအချိန်တွင် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် မဲပေးစက်များအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာများ၊ မဲရုံမှူးများ ပူး‌ပေါင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြိုနယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့၌ကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲ၌ အသုံးပြုမည့်မဲပေးစက်များအား မြို့လယ်ကျက်သရေဆောင် ချိုကြည်သာသနာ့ဗိမာန်တွင် ထားသိုသိမ်းဆည်းခဲ့ပြီး ယနေ့နံနက် (၉) နာရီအချိန်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မဲရုံတာဝန်ထမ်းဆောင်ကြမည့်မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား  မဲပေးစက်များ စစ်ဆေးပြသမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to