လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ယဉ်ကျေးလိမ္မာအခြေခံသင်တန်း အခမဲ့ ဖွင့်လှစ်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိလူထုအခြေပြုဗဟိုဌာန Community Centre တွင် နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကလေးသူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် စာရိတ္တမြင့်မားရေးနှင့် ဘာသာရေးအခြေခံကောင်းမွန်စေရန်ရည်ရွယ်လျက် ယဉ်ကျေးလိမ္မာအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်သည်။