သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

သာစည် ဧပြီ ၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိရာ ဧပြီ ၇ ရက်နံနက်က မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းများ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဦးစွာ မြို့နယ်မီးသတ်ဦးစီမှူးဦးထွန်းထွန်းဝင်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးကာ အဆိုပါရုံးမှ ဒုတိယဦးစီးမှူး ဦးသန့်ဇင်ထွန်း(တာဝန်ခံ)နှင့် ဝန်ထမ်းများအား မီးလောင်မှုဖြစ်ပွားသည့်အကြောင်းရင်းများ၊ မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့်အချက်များ၊ မီးငြှိမ်းသတ်ရာတွင်ဆောင်ရွက်သင့် သည်များ၊ မီးသတ်ဆေးဘူးအသုံးပြုပုံများနှင့် 191 Report Application အသုံးပြုခြင်းများကို အသိပညာပေးဟောပြောသည်။ ထို့နောက် မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းများ ပြသပေးပြီး ဝန်ထမ်းများအား လက်တွေ့ မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်စေခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်